ရေဝင်သွားတဲ့ ဖုန်းတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်း
ရေဝင်သွားတဲ့ ဖုန်းတွေကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အရေးပေါ်ပြုလုပ်နည်း
ဖုန်းရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။
မတော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။
တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ
ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား – ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။
ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိူးတွေကတော့ ဖုန်းရဲ့အပေါက်မျိုူးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ?
(၂) အရင်ဆုံး လုပ်ရမှာကတော့ ပါဝါကို ပိတ်လိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းထဲမှာ ရှော့ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
နောက်အခြောက်ခံစက်ကို အရမ်းမပူတဲ့အနေအထားနဲ့ ဖုန်းထဲကရေကို ခြောက်နိုင်သမျှ မြန်မြန်ခြောက်အောင် လုပ်ပေးရပါမယ်။
ဝပ်(၆၀)မီးသီးလိုရှိရင်လည်း အဆင်ပြေပါတယ်။
ဒီနည်းက ဖုန်းထဲကို အမှုန်တွေလည်း မဝင်ပါဘူး။
(၃) နောက် လုပ်သင့်တာကတော့ ဖုန်းရေစိုပြီဆိုတာနဲ့ အရင်ဆုံး ပါဝါပိတ်၊
ယင်းနောက် စက္ကူတစ်ရှုးနဲ့ ရေတွေကို အမြန်ခြောက်အောင်သုတ်တာ ထိရောက်ပါတယ်။
ဘက်ထရီထုတ်လို့ရတဲ့ဖုန်းဆို ပါဝါမပိတ်ခင် ဘက်ထရီကို အမြန်ဖယ်ထုတ်လိုက်တာ ပိုမှန်ပါတယ်။
တစ်ရှုးနဲ့စိမ်ပြေနပြေ ရသလောက်သုတ်ခြင်းအားဖြင့် ဖုန်းအခြောက်ခံတဲ့အခါ မြန်ဆန်စေပါတယ်။
(၄) နောက်တစ်ခု လုပ်သင့်တာကတော့ ဖုန်းထဲကနေ ထုတ်လို့ရတဲ့ အရာမှန်သမျှ ထုတ်ရပါမယ်။
မန်မိုရီကတ်တွေ၊ ဆင်းမ်ကတ်တွေ၊ စသဖြင့် ထုတ်ပြီးနောက်၊ ယင်းတို့ကိုလည်း သီးခြားအခြောက်ခံတာပဲဖြစ်ဖြစ်
ရေစင်အောင် ဂရုတစိုက်သုတ်တာပဲဖြစ်ဖြစ် အရေးတကြီးလုပ်ဆောင်သင့်ပါတယ်။
သတိထားရမှာက တစ်ရှုးအပိုင်းအစတွေ ဖုန်းရဲ့အပေါက်တွေထဲကနေ မဝင်ပါစေနဲ့။
(၅) ဖုန်းခြောက်သွားပြီလို့ အထင်ရှိတဲ့အခါ သင့်အနေနဲ့ ခြောက်သွေ့တဲ့ သဘက်တစ်ခုပေါ်မှာထားပြီး နေရောင်ခပ်ပြပြလေး လှန်းထားသင့်ပါတယ်။
အဲဒီနောက် Air dry နဲ့ ဆယ်မိနစ်တစ်ခါလောက် အပေါ်အောက်လှန်ပြီး မှုတ်ပေးရပါမယ်။ ဖုန်းကို ရေအစိုဓာတ်ကုန်ပြီအထင်နဲ့ ချက်ချင်းပါဝင်မဖွင့်ပါနဲ့။
အနည်းဆုံး (၂၄)နာရီကနေ (၃၆)နာရီ ဒီအတိုင်း Air dry လေးနဲ့ ပုံမှန်နီးပါးလောက် မှုတ်ပေးနေသင့်ပါတယ်။