အချက်အလက်လုံခြုံရေးကြောင့် Apple နဲ့ Google ရဲ့ app stores မှာ TikTok ကိုဖယ်ရှားမယ်

အချက်အလက်လုံခြုံရေးကြောင့် Apple နဲ့ Google ရဲ့ app stores မှာ TikTok ကိုဖယ်ရှားမယ်

 အချက်အလက်လုံခြုံရေးကြောင့် Apple နဲ့ Google ရဲ့ app stores မှာ TikTok ကိုဖယ်ရှားမယ်
Thursday, June 30, 2022

အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က app stores မှာ TikTok အပလီကေး ရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် အမေရိကန်နိုင်ငံက ဆက်သွယ် ရေးလုပ်ငန်းတွေ အားလုံးနီးပါးကို ထိန်းကြောင်းတဲ့ FCC က တရုတ်နိုင်ငံနဲ့ဆက်စပ်တဲ့ ဒေတာလုံခြုံရေးကြောင့် TikTok အပလီကေးရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ရုပ်သံဖိုင်တွေက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ပြီး Google နဲ့ Apple ရဲ့ အချက်အ လက် လုံခြုံမှုစံနှုန်းကို ချိုးဖောက်တယ်လို့ Apple စီအီးအို တင်ကွတ်နဲ့ Alphabet စီအီးအို ဆန်ဒါးပီချိုင်းတို့ထံ လိပ်မူထားတဲ့ FCC အဖွဲ့ဝင် ရီဗက်ပလီကန်အမတ် ဘရန်ဒန်ကားက တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါ တယ်။
“TikTok က လူပုဂ္ဂိုလ်တွေနဲ့ ထိခိုက်လွယ်တဲ့ အချက်အလက်တွေကို ချိုးဖောက်နေတဲ့ ခေတ်မီ စောင့် ကြည်ရေးလက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေပါတယ်” လို့ သူက ရေးသားထားပါတယ်။
TikTok ရဲ့ အချက်အလက်လုံခြုံရေးအပေါ် စိုးရိမ်မှုတွေကြောင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထ ရမ့်လက်ထက်မှာ လွှတ်တော်အမတ်တွေက အမိန့်နှစ်ခုထုတ်ပြန်ပြီး ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ကြော်ငြာရှင်တွေက TikTok မှာ ငွေကြေးပိုသုံးစွဲလာတာကြောင့် ဝင်ငွေက ဒေါ်လာ ၅ ဒသမ ၉၆ ဘီလီယံ အထိ ရှိလာခဲ့ပြီး နှစ်အလိုက် ၁၈၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ TikTok က အမေရိကန်နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စျေးကွက်မှာ အစုရှယ်ယာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ရရှိထားပါတယ်။
TikTok အပလီကေးရှင်းက စီးပွားရေးအရ ကြီးထွားနေစဉ်မှာ app stores မှာ TikTok အပလီကေး ရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ ဒီနှစ်အတွင်း TikTok ဝင်ငွေရဲ့ ၅၂ ရာခိုင်နှုန်းနီးပါးက အမေရိကန်နိုင်ငံက ရရှိတာဖြစ်ပါတယ်။
TikTok က ဒီနှစ်အတွင်း လစဉ်အသုံးပြုသူ ၉၄ သန်းကျော်ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ တတိယအကြီးမား ဆုံး လူမှုကွန်ရက်တစ်ခုဖြစ်ပြီး ၈ ဒသမ ၂ ရာခိုင်နှုန်း အသုံးပြုမှု များပြားလာပါတယ်။
TikTok က ၂၀၂၄ ခုနှစ်မှာ အမေရိကန်စျေးကွက်အတွင်း တွစ်တာနဲ့ စနတ်ချတ် အသုံးပြုသူတွေကို ကျော်ဖြတ်ပြီး အသုံးပြုသူဦးရေ သန်း ၁၀၀ ရှိလာနိုင်ပါတယ်။

Cred: ဧရာဝတီတိုင်းမ်
အချက်အလက်လုံခြုံရေးကြောင့် Apple နဲ့ Google ရဲ့ app stores မှာ TikTok ကိုဖယ်ရှားမယ်
4/ 5
Oleh