Saturday, February 19, 2022

ဖုန်းထဲမှာ နှစ်ရှည်လများ အသုံးပြုလာတဲ့ ColorNote ဆော့ဝဲလ်လေး

အခုဆော့ဝဲလ်လေးကတော့ မိမိတို့ဖုန်းထဲမှာ မှတ်စုတွေ ဒိုင်ယာရီတွေ အရေးကြီးတဲ့အချက်အလက်တွေကို မှတ်သားသိမ်းဆည်းနိုင်ဖို့ အကောင်းဆုံးဆော့ဝဲလ်လေးဖြစ်ပါတယ်။

မိမိဖုန်းမှာ ပါတဲ့ Note App တွေက သုံးရတာ မစုံဘူး သုံးလို့မကောင်းဘူးဆိုရင် ဒီဆော့ဝဲလ်လေးသာ ထည့်ထားလိုက်ပါ။

Admin ကိုယ်တိုင်တောင် ကြိုက်လွန်းလို့ နှစ်ရှည်လများထည့်ပြီး အခုထိသုံးနေရတုန်းပါ။

အသုံးပြုရတာ ရိုးရှင်းလွယ်ကူပြီး စာရိုက်ရတာလည်း အဆင်ပြေပါတယ်။ ရေးထားတဲ့ မှတ်စုတွေကိုလည်း ပြန်ပြင် ပြန်ဖျက်ရတာလည်း အရမ်းအဆင်ပြေပါတယ်။

မှတ်ထားတဲ့ မှတ်စုတွေကို ဖုန်းဆေးလိုက်လို့ ဖျက်သွားမှာကြောက်ရင် အကောင့် Login ဝင်ထားလိုက်ပါ။ ဒါဆိုရင် အကောင့်ပြန်ဝင်တဲ့အခါ ကိုယ့်မှတ်စုတွေကို ပြန်တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင့် ပြက္ခဒိန်လည်း ကြည့်လို့ရပြီး အခြားသောလုပ်ဆောင်ချက်များစွာလည်းပါဝင်ပါသေးတယ်။

ဆော့ဝဲလ်လေးကို အောက်ကလင့်မှာဒေါင်ယူနိုင်ပါတယ်။

⬇️ ဆော့ဝဲလ်အားဒေါင်းယူရန် ⬇️

https://prayal.com/2022/02/20/colornote-notepad-notes/

အားလုံးအဆင်ပြေပါစေ

#ဆော့ဝဲလမ်းညွှန်








No comments:
Write $type={blogger}